ဘလော့တွင် တင်ပေးစေလိုသော ကုန်ကြမ်းများအား dotahanar@gmail.com သို့ပေးပို့နိုင်သည်။
Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Sunday, August 5, 2012

ကင်တားနားအကြံဒို့လက်မခံ

375623 514874498528350 230159690 n
ရန်ကုန်တိုင်းက အယ်ဒီတာ့အာပေါ်ပါ။
နှာသခင်ရဲ့သဘောနဲ့တစ်ထပ်တည်းဖြစ်လို့ တင်ပေးလိုက်ပါတယ်။
..........................................
..........................................
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဂျီယာ ကင်တင်နားသည် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာမျှ လာရောက်ပြီးနောက် သြဂုတ်၎ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ မှမထွက်ခွာမီ ရန်ကုန်နိုင်ငံ တကာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖတ်ကြားခဲ့သည်။

In this respect, I have, throughout my mandate, consistently highlighted concerns regarding systematic discrimination against the Rohingya community.  Such concerns include the denial of citizenship or legal status to Rohingyas, restrictions on their freedom of movement, marriage restrictions, and other discriminatory policies.  I hope that steps will be taken to address these issues, including a review of the1982 Citizenship Act to ensure that it is in line with international human rights standards.

ကင်တင်နား၏ သတင်းထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပေါ်နေသော ရခိုင်အရေးကိစ္စကို အထူးအလေး ပြောဆိုသွားခဲ့ရာ အထက်ဖော်ပြပါအပိုဒ်၌ ရိုဟင်ဂျာနှင့်ပတ်သက်ပြီး ကာကွယ်ဘက်လို  က်ပြောဆိုသွား ခဲ့သည်ကို ကျွန်ုပ်တို့ လေ့လာ မှတ်သားလိုက်ရပါသည်။

ရိုဟင်ဂျာများ ကိုစနစ်တကျခွဲခြားနှိမ့်ချဆက်ဆံနေခြင်းများအပေါ်စိုးရိမ်မကင်းဖြစ်ကြောင်း ကုလအထူး ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။ထို့အပြင် သူတို့အား နိုင်ငံသားဖြစ်မှုသို့မဟုတ် တရားဝင်တည်ရှိမှု ငြင်းပယ်ခြင်း၊   လွတ်လပ်စွာ သွားလာမှုများကို ကန့်သတ်ခြင်း၊အိမ်ထောင်ပြုမှုကန့်သတ်ခြင်းနှင့် အခြားသော ခွဲခြားနှိမ့်ချဆက်ဆံမူဝါဒများအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း အသေးစိတ်ပါဖော်ပြထားသည်။ထိုမှတစ်ဖန်  နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်း များ နှင့်ကိုက်ညီအောင် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုအက်ဥပဒေကို ပြန်လည်သုံးသပ်ရန်လည်း ကင်တင်နားက တိုက်တွန်းခဲ့သည်။

ထိုတစ်ပိုဒ်လုံး သည် ရခိုင်ပြည်နယ်တွင် အမှန်တကယ်ဖြစ်ပျက် နေသည့်ပကတိ  အခြေအနေနှင့်ကင်းကွာ နေသည့်အပြင် သန်း၆ဝ  လူဦးရေ၏အများစုကြီး၏ လိုလားချက်၊ဆန္ဒများနှင့်လည်း ဆန့်ကျင်နေပေသည်။အထူး သဖြင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ ပကတိ အခြေအနေ၊  သမိုင်းကြောင်း၊ ပထဝီအနေအထား  တို့နှင့်ကိုက်ညီမည့် မိမိနိုင်ငံသားများ၊ တိုင်းရင်းသားများ   အကျိုးစီးပွားကို ကာကွယ်ပေးရမည့် နိုင်ငံသား  ဥပဒေများရေး ဆွဲပြဌာန်းရ စမြဲဖြစ် သည် ကို ကုလအထူး ကိုယ်စားလှယ်ကင်တားနား သိရှိပြီးဖြစ်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ယင်းအတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှု  ဥပဒေအပေါ် လူ့အခွင့်အရေး  အကြောင်းပြကာ တရားမဝင်ဝင် ရောက်နေသူများအား တရားဝင်ဖြစ်ရေး တိုက်တွန်းပြောကြား  သုံးသပ်ခိုင်းမှုကို ကျွန်ုပ်တို့လက်မခံနိုင်ဟု အတိအလင်းပြော ကြားလိုပေသည်။

နိုင်ငံတော် သမ္မတကြီးအပါအဝင် ပြည်ထောင်စုဝန်ကြီးများ ကလည်း နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍လည်း ကောင်း၊တရားမဝင် ဝင်ရောက်လာသူများအား လူသားချင်းစာနာထောက်ထား  သောအားဖြင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးပြီး ကုလအပါ အဝင်နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီရေးနှုင့်  ပတ်သက်၍လည်းကောင်း ရှင်းလင်းစွာပြောကြားပြီးဖြစ်သည်။ ထိုပြောကြားချက်များသည် အလွန်မျှတမှုရှိပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက် အထူးအရေးကြီးသည့် ရပ်တည်ချက်မှန်လည်း ဖြစ်ပေသည်။မကြာသေးမီက ပြည်သူ့လွှတ်တော်  အစည်းအဝေးတစ်ခုအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက နိုင်ငံသား ဖြစ်မှုကိစ္စ ပြောသည့် အခါ လူ့အခွင့် အရေး  ဆိုပြီး ကဗျာမဆန်ကြရန် ပွင့်ပွင့်လင်းလင်း  ဆွေးနွေးသွားခဲ့သည်ကို ပြန်လည် ညွှန်းဆိုပြသ လိုပေသည်။

ထို့အတွက်ကြောင့် လူ့အခွင့်အရေး ကျွမ်းကျင်သူဟု  ဆိုသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တင်နား၏ ရခိုင်အရေး  ကိစ္စပြောဆိုသုံးသပ်မှုများသည် သန်း၆ဝမျှသော မြန်မာပြည်သူအများစုကြီး၏ ဆန္ဒကိုဆန့်ကျင်ပြီး ထိုပြည်သူ အများစုကြီး၏ အခွင့်အရေး တစ်နည်းဆိုရသော် မြန်မာပြည်သူအများစုကြီး၏ လူ့အခွင့်အရေးကို ချိုးဖောက်ပြောဆို  နေခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့က လုံးဝလက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် လည်း မျှတစွာသုံး သပ်ပြော ဆိုနိုင် သည့် ကိုယ်စားလှယ်တစ်ဦး အား အသစ်လဲလှယ်ခန့်  ထားပေးပါရန် ကျွန်ုပ်တို့က  တောင်းဆိုပါသည်။

အယ်ဒီတာ

Thursday, June 14, 2012

ဘင်္ဂလီကျူးကျော်မှုနှင့် ကျွန်တော်တို့တာဝန်

imagebam.com အခုတစ်လော ကျွန်တော် post အသစ်တွေမတင်ဖြစ်ခဲ့ပါ။ နိုင်ငံအနောက်ဘက်က ကျွန်တော်တို့မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသားတွေကို ဘင်္ဂါလီအကြမ်းဖက်သမားတွေက ရက်ရက်စက်စက်သတ်ဖြတ်နေချိန်မှာ ဘယ်လိုနှလုံးသားမျိုးနဲ့ PORN တွေကိုဆိုဒ်မှာ တင်ရက်ပါ့မလဲ။ .......

ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့တဲ့ အဂတိလိုက်စားမှု၊ ညံ့ဖျဉ်းသောစီမံခန့်ခွဲမှု၊ တဘက်နိုင်ငံရဲ့အားပေးအားမြှောက်ပြုမှု စတာတွေကြောင့် ဘင်္ဂလားဒေရှ့်က ဘင်္ဂါလီတွေမြန်မာ့မြေပေါ်ကျူးကျော်အခြေချနေထိုင်ခဲ့တာကြာပါပြီ။ အခုတော့ သူခိုးကလူပြန်ဟစ်သလို သူတို့ကတပြန် ကိုယ့်မြန်မာနိုင်ငံသားရခိုင်တိုင်းရင်းသားတွေကို ပြန်မောင်းထုတ်နေကြပြန်ပြီ။ ....

ကျွန်တော်ပြေချင်တာကဒီလိုပါ... ဘင်္ဂါလီပြဿနာဖြစ်လာတာ ဘယ်သူ့မှာတာဝန်ရှိသလဲ၊ ဘယ်သူတွေဖြေရှင်းရမဲ့ကိစ္စလဲ ဆိုတာတွေကို တစ်ဦးပေါ်တစ်ဦး အပြစ်ပုံချနေမဲ့အစား ကျွန်တော်တို့လုပ်နိုင်တာလေးတွေ လုပ်ရအောင်ပါလား .....

ဘင်္ဂါလီနဲ့ပက်သက်ပြီးကမ္ဘာကမြင်နေတဲ့အမြင်ဟာ၊ ကျွန်တော်တို့မြန်မာပြည်မှာလက်ရှိဖြစ်နေတာနဲ့ ကွဲပါတယ်။ ဘင်္ဂါလီကျူးကျော်သူတွေကို ကမ္ဘာက ဖိနှိပ်ခံ ရိုဟင်ဂျာလူနည်းစုတွေလို့မြင်ပါတယ်။ အဲဒါဘာ့ကြောင့်လဲဆိုရင် ကုလားထမင်းစားထားတဲ့ မြန်မာပြည်က လောက်ကောင်ထီး၊ လောက်ကောင်မတွေ၊ BBC,VOA တို့လိုမျိုး သတင်းဌာနတွေကမြန်မာအစိုးရရဲ့ ကမ္ဘာမှာ နိမ့်ကျနေတဲ့ ပုံရိပ် (Bad Image)ကိုခုတုန်းလုပ်ပြီး ရိုဟင်ဂျာတွေကို ဖိနှိပ်ခံ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံခံရတဲ့ မြန်မာနိုင်ငံကတိုင်းရင်းသားလူနည်းစုရယ်လို့ မြင်လာအောင်ဝါဒဖြန့်ခဲ့လို့ပါ။

အလုလည်း ဘင်္ဂါလီနဲ့ဖြစ်တဲ့ကိစ္စကို ဗုဒ္ဓဘာသာနဲ့ အစ္စလမ်ဘာသာကြားပရိပက္ခလိုမျိုး၊ ဗုဒ္ဓဘာသာရိခိုင်တွေနဲ့ ဘင်္ဂါလီလူမျိုးအစ္စလမ်လူနည်းစုတွေ ကြားဖြစ်တဲ့အထိကရုဏ်းလိုမျိုးဇောင်းပေးရေးသားနေတာ ပြောဆိုနေတာ တွေ့နေရပါတယ်။

ရိုဟင်ဂျာဆိုသူတွေဟာ တကယ်တော့ ဘင်္ဂါလားဒေရှ့်ကမြန်မာနိုင်ငံထဲခိုးဝင်လာသူတွေဖြစ်တဲ့အကြောင်း၊ အယ်လ်ကွေဒါနဲ့ အဆက်အဆံရှိသူ တွေဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံသားမဟုတ်၊ မြန်မာတိုင်းရင်းသားလည်းမဟုတ်ကြောင်း။ အကြမ်းဖက်သမားတွေဖြစ်ကြောင်း၊ ကမ္ဘာကသိအောင် ကျွန်တော်တို့ဆောင်ရွက်ရပါမယ်။

ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့အဖြစ်မှန်တွေကို ကမ္ဘာကမသိသရွေ့ သူတို့ကိုကြပ်ကြပ်မတ်မတ်ကိုင်တွယ်လို့မရနိုင်ပါဘူး။ သူတို့ကို ဖိနှိပ်ခံလူနည်းစုတွေလို့ ကမ္ဘာကမြင်နေစဉ်မှာ သွားပြီး ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ရင် မျိုးတုန်းသတ်ဖြတ်တယ်၊ ခွဲခြားဆက်ဆံတယ် ဘာတယ်ဆိုပြီး မြန်မာနိုင်ငံကိုဝိုင်းဝန်းအရေးယူပိတ်ဆို့မှုတွေလုပ်။ အခန့်မသင့်ရင် UN တပ်တွေပါဝင်လာပြီး ရိုဟင်ဂျာနိုင်ငံဆိုပြီးတောင် ရခိုင်ပြည်နယ်ကို ဖဲ့ပေးချင်ပေးနေရမှာ။

ဒါပေမဲ့ သူတို့ဟာ အကြမ်းဖက်သမားတွေ၊ ကျူးကျော်သူတွေဖြစ်တယ်ဆိုတာ ကမ္ဘာကအမှန်အတိုင်းသိသွားတဲ့အချိန် သူတို့ကို ကိုင်တွယ်မယ်ဆိုရင်တော့ အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲ (War Against Terrorism)ဆိုပြီး အကူအညီပေးမဲ့သူတွေ၊ ဆွမ်းကြီးဝိုင်းလောင်းချင်တဲ့သူတွေအပုံအပင်ကြီးပေါ်လာပါလိမ့်မယ်။ ..........

ကျွန်တော်တို့ဘာလုပ်သင့်သလဲ ..... ရိုဟင်ဆိုတာ အကြမ်းဖက်သမားတွေသာဖြစ်ကြောင်း၊ ဘင်္ဂလားဒေရှ့်ကကျူးကျော်သူတွေသာဖြစ်ကြောင်း ကမ္ဘာကသိအောင်ကျွန်တော်တို့ဆောင်ရွက်ကြရအောင်။ .......

ကျွန်တော်တို့ဘယ်လိုဆောင်ရွက်လို့ရမယ်၊ ဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကလေးတွေကို ကျွန်တော်ဥာဏ်မှီသလောက် စာရင်းပြုစုထားပါတယ်။ အချိန်လည်းသိပ်မပေးရပါဘူး .... နေ့စဉ်လုပ်ဆောင်မြဲအလုပ်တွေလုပ်ဆောင်နေရင်းနဲ့ အချိန်နည်းနည်းလောက်ဖဲ့ပေးရုံနဲ့ရပါတယ်။ ။
ဘယ်လိုလုပ်ကြမလဲဆိုတာနဲ့ပက်သက်ပြီး ကျွန်တော်စဉ်းစားမိတဲ့အချက်လေးတွေ နောက် post မှာဆင်တင်ပါမယ်။


နှာသခင်

Wednesday, March 21, 2012

The Voice၊ ပုဒ်မ ၅၀၀ နှင့် မှတ်ကျောက်အတင်ခံရမည့်သူများ

အသရေဖျက်မှုနဲ့ The Voice ဂျာနယ်ကို သတ္တုတွင်းက တရားစွဲတော့မယ်တဲ့.................
အသရေဖျက်မှုဆိုတာ သိသလောက်ပြောရရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၀ ပါ။ ၂ နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊
ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အပြစ်ပေးလို့ရပါတယ်။ အသရေဖျက်မှုဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ပုဒ်မှ ၄၉၉ မှာဖေါ်ပြဌာန်းထားပါတယ်။
အသရေဖျက်မှုမြောက်ဖို့ အောက်ပါအချက်တွေပြည့်စုံရမှာဖြစ်ပါတယ်။
(၁) လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုခုကို စွတ်စွဲချက်၊ ကြေငြာချက်တစ်ခုခုပြုလုပ်ရပါမယ်။
(၂) ထိုစွတ်စွဲချက်ဟာ စွတ်စွဲခံရသူ၊ ကြေငြာခံရသူရဲ့ အသရေကိုပျက်စေရပါမယ်။
(၃) ထိုစွတ်စဲချက်ကို
       (က) နှုတ်ဖြင့်ဖြစ်စေ
       (ခ) စာဖြင့်ဖြစ်စေ
        (ဂ) အမှတ်အသားဖြင့်ဖြစ်စေ
        (ဃ) ထင်ရှားသောပုံသဏ္ဍန်ဖြင့်ဖြစ်စေ ပြုလုပ်ရပါမယ်။
(၄) တရားခံဟာသူစွတ်စွဲသူရဲ့ အသရေကို နစ်နာစေရန်အကြံဖြင့်သော်လည်းကောင်း၊
နစ်နာစေမည်ဟုသိလျှက်နှင့်သော်လည်းကောင်း၊ နစ်နာစေမည်ဟုယုံကြည်ရန် အကြောင်းရှိလျှက်နှင့်သော်လည်းကောင်း
ပြုလုပ်ခြင်းဖြစ်ရပါမယ်။
အဲဒိအချက်တွေနဲ့ ညီညွတ်ရင်အသရေဖျက်မှုမြောက်ပါတယ်။ ဒါပေမဲ့ ခြွင်းချက် ၁၀ ချက်လည်းရှိပါသေးတယ် ။
အဓိကကျတဲ့ခြွင်းချက်တွေကတော့ အထက်မှာပြောခဲ့တဲ့အချက် (၄) ချက်နဲ့ညီစွန်းနေပေမဲ့လည်း မှန်ကန်တဲ့စွတ်စွဲချက်ကို
အများပြည်သူအကျိုးအတွက် ကြေငြာခြင်း၊ ရိုက်နှိုပ်ထုတ်ဝေခြင်းဖြစ်ရင်၊ ပြည်သူ့ဝန်ထမ်းရဲ့ မလျှော်ကန်တဲ့အပြုအမူနဲ့
ပက်သက်ပြီးသဘောရိုးနဲ့ဝေဖန်ရင် ၊ အသရေဖျက်မှုမမြောက်ပါဘူး။
အပေါ်မှာရေးထားတဲ့အချက်တွေနဲ့ The Voice ရေးသားခဲ့တဲ့သတင်းကိုဆပ်စပ်ကြည့်ရင် အသရေဖျက်မှု မမြောက်ဘူးဆိုတာကို
ပြဖို့အတွက် The Voice အနေနဲ့ သူရေးသားခဲ့တဲ့အကြောင်းအရာတွေဟာ မှန်ကန်ကြောင်းနဲ့ အများပြည်သူအကျိုးအတွက်
ဂျာနယ်မှာထည့်သွင်းခြင်းဖြစ်ကြောင်း သက်သေထူဖို့လိုပါလိမ့်မယ် ဒီကိစ္စဟာ ဂျာနယ်အတွက် သိပ်ခက်လိမ့်မှာမဟုတ်ပါဘူး။
သတိထားစောင့်ကြည့်ရမှာက တရားစီရင်ရေးမဏ္ဍိုင်ပါ။ ဒီအမှုအပေါ်မှာ တရားသူကြီးရဲ့ ကိုင်တွယ်ပုံနဲ့ ချမှတ်တဲ့အမိန့်ကိုကြည့်ပြီး
မြန်မာနိုင်ငံတရားစီရင်ရေးဟာ အုပ်ချုပ်ရေးအာဏာရဲ့လောင်းရိပ်အောက်ကလွတ်ပြီလား၊ မလွတ်သေးဘူးလားဆိုတာ
ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
တရားစီရင်ရေးလောကနေနဲ့လည်း မိမိတို့ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်တွေရဲ့ အရိပ်အောက်မှာမရှိပဲ ။
လွတ်လပ်စွာရပ်တည်နေတယ်ဆိုတာကို အများပြည်သူကိုပြသဖို့အတွက် ဒီအမှုဟာ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။
(တကယ်ပဲလွတ်ကင်းနေတယ်ဆိုရင်ပေါ့)။
လုပ်ငန်းသဘာဝအရတရားစီရင်ရေးဆိုတာ စတင်ဆောင်ရွက်သူ (အလုပ်များကိုစတင်လုပ်ပြရသူ) မဟုတ်ပါဘူး၊
မိမိဆီရောက်လာတဲ့ မှုခင်းတွေကိုသာဆုံးဖြတ်ပိုင်ခွင့်ရှိသူသာဖြစ်ပါတယ်။ သမ္မတက မြစ်ဆုံစီမံကိန်းကိုရပ်ပြခဲ့တယ်။
မီဒီယာတွေနဲ့ပက်သက်ပြီးဖြေလျှော့ခဲ့တယ်။ လွှတ်တော်ကလည်း NLD လွှတ်တော်ထဲပါနိုင်အောင်ဥပဒေတွေပြင်ဆင်ပြခဲ့တယ်။
အမတ်တွေလွတ်လွတ်လပ်လပ်ပြောဖို့ အားပေးပြခဲ့တယ်။ ဒါပေမဲ့ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ သူတို့လိုလုပ်ပြစရာ
လုပ်ကွက်မျိုးမရှိခဲ့ဘူး။ လုပ်ငန်းသဘာဝကလည်း အဲလိုမျိုးလုပ်ပြဖို့အခွင့်အရေးမပေးပေဘူး။ နောက်ပြီးတော့ အရင်တုန်းကလည်း
တရားစီရင်ရေးဆိုတာကို အတိုက်ခံတွေနဲ့ မီဒီယာသမားတွေကိုနှိပ်ကွက်ဖို့လက်နက်အဖြစ်အစိုးရကသုံးခဲ့တယ်။ အဲဒါကြောင့်မှို့လဲ
မီဒီယာတွေဟာ တရားစီရင်ရေးနဲ့ပက်သက်ပြီး မကြာခဏခလုပ်တိုက်ပြောဆိုနေကြတယ်။ The Voice ဂျာနယ်ကိစ္စဟာ
တရားစီရင်ရေးမဏ္ဍိုင်အတွက် မီဒီယာတွေနဲ့ပြန်လည်သင့်မြတ်ဖို့ အခွင့်အလမ်းတစ်ခုပါ။
ဒီနေရာမှာအရေးကြီးတာတစ်ခုက မီဒီယာတွေအနေနဲ့ အမှုအကြောင်းကို တရားရုံးက အမိန့်မချခင်မှာ ဘယ်သူကတော့မှန်တယ်။
ဘယ်သူကတော့မှားတယ် စသည်ဖြင့် ဝေဖန်ရေးသားတာတွေ မလုပ်မိဖို့လိုပါတယ်။ တရားရုံးမှာ စစ်ဆေးနေတဲ့
အမှုတစ်ခုနဲ့ပက်သက်ပြီး တရားရုံးကအမိန့်မချခင်မှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာမျိုးဝေဖန်ရေးသားတာမျိုးဟာ
အမှုကိုတရားရုံးကမဆုံးဖြတ်ခင် အများပြည်သူအမြင်တဘက်ဘက်ပါအောင်ကိုစွဲဆောင်ရေးသားတာမျိုးဖြစ်နေတဲ့ အတွက်
တရားရုံးများမထေမဲ့မြင်ပြုမှုဥပဒေ နဲ့အရေးယူခံရနိုင်တဲ့အတွက်အထူးသတိထားဖို့လိုပါတယ်။ ဒါပေမဲ့ အမှန်အမှားဝေဖန်မှုမပါပဲ
အမှုဖြစ်အကြောင်းအရာတွေ သက်သေအထောက်အထားတွေကိုတော့ လွတ်လပ်စွာတင်ပြခွင့်ရှိပါတယ်။
ပြန်ကောက်ရရင် ဒီပွဲဟာ မီဒီယာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဖြစ်သလို တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ကျန့်ခိုင်မှုကိုစမ်းစစ်တဲ့မှတ်ကျောက်လည်းဖြစ်ပါတယ်။
ဒုသမ္မတနဲ့အဆင့်တူလို့သတ်မှတ်ထားတဲ့ တရားသူကြီးချုပ်နဲ့ ...... သတ္တုတွင်းဝန်ကြီး
လူးလွန့်လှုပ်ရှားနေတဲ့ စတုတ္ထမဏ္ဍိုင် ........
အုပ်ချုပ်သူများရဲ့လက်ကိုင်ဒုတ်လား ........ အုပ်ချုပ်သူတွေရဲ့မတရားပြုကျင့်မှုကနေအကာကွယ်ပေးမဲ့ဒိုင်းလားဆိုတာကို
အဖြေပေးရတော့မဲ့ မြန်မာနိုင်ငံတရားစီရင်ရေး .........
မျှော်လင့်ချက်တွေနဲ့ကြည့်ရမဲ့ပွဲပါ။

နိဂုံးချုပ်ပြောလိုပါသည်။ ကျွန်တော်သည်ပွန်းဘလော့ဂါတစ်ဦးမျှသာဖြစ်ပါသည်။ သို့ရာတွင်နှာဘူးများသည်လည်း
လွတ်လပ်မှုကိုမြတ်နိုးတတ်ပါသည်။ အမှန်တရားကိုလည်းလိုလားပါသည်။ ကြားဖူးနားဝဗဟုသုတများကို စိတ်ကူးဖြင့်
ဆင်ခြင်ပုံဖေါ်ရေးသားထားသည်များဖြစ်ရာ အမှားအယွင်းရှိက ဘလော့ဂါဖြစ်သူ ကျွန်တော်နှာသခင်၏ တာဝန်သာဖြစ်ပါသည်။


နှာသခင်

Thursday, January 26, 2012

အသွင်ကူးပြောင်းရေးနှင့်ကျောက်ရွံ့ခြင်းများ

မြန်မာနိုင်ငံဟာအပြောင်းအလဲလမ်းကြောင်းတစ်ခုပေါ်ရောက်နေပြီဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါပေမဲ့ အပြောင်းလဲတို့မည်သည် စနစ်ဟောင်းကိုလိုလားသူတွေရဲ့ ဆန့်ကျင်မှု၊ အခွင့်အရေးသမားတွေရဲ့နေရာဦးမှု စတာတွေနဲ့ တွေ့ကြုံရစမြဲပါ။ မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှာလည်း အနှောက်အယှက်ပေးနိုင်တယ်လို့ စိုးရိမ်စရာရှိတဲ့ အဓိကအင်စားစုဟာ လက်ရှိတပ်မတော်ဖြစ်ပါတယ်။ လက်ရှိစစ်တပ်အနေနဲ့ နိုင်ငံတော်အာဏာကိုပြန်သိမ်းယူမှာကို သမ္မနဲ့ အစိုးရအဖွဲ့ အပိုင်းကကော NLD အပိုင်းကပါ စိုးရိမ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ Washington Post ကသတင်းထောက်အင်တာဗျူးကိုဖတ်ကြည့်ရင် သိသာပါတယ်။ အန်တီစုကအဲဒိအင်တာဗျူးမှာပြောခဲ့တယ်။ ဦးသိန်းစိန်ကို တပ်ထဲမှာဘယ်အတိုင်းအတာအထိထောက်ခံမှုရှိတယ်ဆိုသူမသိနိုင်ပါဘူးတဲ့၊ ပြီးတော့ လက်ရှိအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က အချိန်မရွေးအာဏာသိမ်းလို့ရတယ်တဲ့။ ဒါ ဒေါ်အောင်ဆန်းစုကြည်ဘက်ကစိုးရိမ်မှုပါ။ သမ္မတဦးသိန်းစိန်အနေနဲ့လည်း ဒီလောက်အထိမဟုတ်ဘူးဆိုရင်တောင် အတိုင်းအတာတစ်ခုလောက်အထိတော့ စစ်တပ်နဲ့ကာကွယ်ရေးဦးစီးချုပ်ကို စိုးရိမ်မှာပါ။ ဘာလို့လဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်ကို လက်ရှိသမ္မတကခန့်ခဲ့တာမဟုတ်ပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိမိအကျိုးကာကွယ်ရေးအတွက်ချိန်ညှိထားတဲ့ Power Balance အစီအစဉ်အရ တက်လာတာဖြစ်လို့ပါ။ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သဘောထားပျော့ပြောင်းတဲ့သူတွေကို အဓိကနေရာတွေမှာနေရာပေးပြီး သဘောထားတင်းမာသူတွေကိုတော့ အဲဒိအဓိကနေရာကလူတွေကို အချိန်မရွေးအန္တရယ်ပေးနိုင်တယ်ဆိုတဲ့နေရာတွေမှာထားခဲ့တာ သတိပြုမိမှာပါ။) ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းကနေစပြီး မြန်မာနိုင်ငံတစ်ဝှမ်း အရပ်ဖက်ကဏ္ဍတွေမှာ စစ်တပ်၊ စစ်ဗိုလ်၊ စစ်သားတွေရဲ့ အရေးပါမှုဟာ တဖြည်းဖြည်းလျှော့နည်းလာတာ အားလုံးအသိဖြစ်ပါတယ်။ အရင်ကဆိုရင်နယ်တွေမှာ ဗျူဟာမှူး၊ တပ်နယ်မှူး ဆိုတဲ့သူတွေဟာ အရပ်ဖက်ဒေသဖွံ့ဖြိုးရေးအကြီးအမှူးတွေဖြစ်ပြီး မြေကွက်၊ တယ်လီဖုန်း၊ စတဲ့အမျိုးမျိုးသောအခွင့်အရေးတွေအပြင် ဆိုင်ရာဒေသမှာရှိတဲ့ လောင်းကစားသမားတွေ၊ စီးပွားရေးသမားတွေဆီကလည်း ခွဲတမ်းအမျိုးမျိုးကို ရရှိကြပါတယ်။ လမ်းမကြီးတွေဘေးမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကလည်း မိမိတို့တပ်တွေရှေ့မှာ ဝါးလုံးလေးတား၊ ရှာဖွေရေးဂိတ်ယောင်ယောင် စစ်ဆေးရေးဂိတ်ယောင်ယောင် လုပ်ပြီး ဖြတ်သွားဖြတ်လာကားတွေဆီက ဂိတ်ကြေးကောက်ပါတယ်။ စစ်တိုင်းမှူးဆိုသူတွေဟာလည်း အရပ်ဖက်အုပ်ချုပ်ရေးအာဏာကို စစ်ဘက်အုပ်ချုပ်ရေးအာဏာနဲ့တွဲပြီးရယူထားတဲ့အတွက် မိမိတာဝန်ယူထားတဲ့ဒေသအတွင်းမှာ ဘုရင်တစ်ပါးပါပဲ။ ဒေသတွင်းလုပ်ကိုင်နေတဲ့ စီးပွားရေးသမားတွေအကုန်သူတို့နဲ့ကင်းလို့မရပါဘူး။ အုပ်ချုပ်ရေးနဲ့ အခြားအစိုးရဌာနတွေရဲ့ လုပ်ငန်းတွေကိုသာမက တရားစီရင်ရေးပိုင်းကိုပါ သူတို့အလိုကျချယ်လှယ်နိုင်သူတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက ဒါတွေဟာ အတိတ်ကစောင်းခဲ့တဲ့ရွှေထီးတွေဖြစ်သွားပြီ။ အရပ်ဖက်အုပ်ချုပ်ရေးနဲ့ သူတို့တွေဘာမှမဆိုင်တော့ဘူး။ အာဏာနဲ့လုပ်ပိုင်ခွင့်မဲ့သွားတာနဲ့ တပြိုင်နက် ရောက်လာနေကျ လာဘ်လာဘတွေနဲ့ အခွင့်အရေးတွေတဖြည်းဖြည်းလျှော့နည်းသွားတယ်။ မီဒီယာတွေက စာတွေရေးရဲလာတယ်။ သတင်းစာတွေ၊ တီဗွီတွေမှာဆိုရင်လည်း အစိုးရအဖွဲ့နဲ့လွှတ်တော်အကြောင်းတွေပဲအဓိကပါလာတော့တယ်။ အရပ်ထဲမှာလည်း စစ်ဘက်ကို အရင်ကလောက်မကျောက်တော့ဘူး။ လူတွေမျက်စေ့တော်တော်ပွင့်ကုန်တယ်။ အရင်လိုချောက်စား၊ လှန့်စားလို့မရတော့ဘူး။ စစ်တပ်ခေတ်ကုန်သွားပြီ၊ အရပ်ဖက်ခေတ်ရောက်ပြီလို့ ရွာတွေမှာတောင် ပြောကုန်ပြီ။ ဒီအခြေအနေတွေကို လက်ရှိစစ်တပ်တွေ၊ စစ်ဗိုလ်တွေနဲ့ စစ်တိုင်းမှူးတွေ ဝမ်းပမ်းတသာလက်ခံတယ်ဆိုရင်တော့ ဒါဟာကျွန်တော်တို့အိပ်မက် မက်နေတာသာဖြစ်ပါလိမ့်မယ်။ လက်ရှိအခြေအနေကို နားလည်သဘောပေါက်ပြီး လက်ခံနိုင်တဲ့သူတွေတပ်ထဲမှာ ရှိနေနိုင်ပေမဲ့ အရင်လိုစစ်တပ်ခေတ်ပြန်ရောက်ချင်သူတွေလည်း အရေအတွက်အားဖြင့် နည်းမှာမဟုတ်ပါဘူး။ ဒီအင်အားစုတွေဟာ ပြုပြင်ပြောင်းလဲရေးသမားတွေအတွက် စိုးရိမ်စရာပါ။ လက်နက်ကိုအလွန်အမင်းအားကိုးတဲ့ စစ်အာဏာရှင်စံနစ်အောက်မှာ ကြီးပြင်းလာတဲ့ လက်နက်မဲ့သမ္မကြီးကလည်းစိုးရိမ်ပါတယ်။ ၈၈ အရေးအခင်း၊ ၉၀ ရွေးကောက်ပွဲရလာဒ်နဲ၊ ရွေဝါရောင်တော်လှန်ရေးတွေမှာ ခံစားလာခဲ့လို့ ခဲမှန်ဖူးတဲ့စာသူငယ်တွေလို ဒီမိုကရေစီဘက်တော်သားတွေဟာလည်း စိုးရိမ်ကြပါတယ်။ ဒီစိုးရိမ်မှုတွေကို ဘယ်လိုတုန့်ပြန်မယ်ဆိုတာ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။ တုန့်ပြန်ပုံနည်းလမ်းမမှန်ရင် ကမောက်ကမဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်လေ့လာမိသလောက် သူတို့ လူတစ်ယောက်ကိုပွဲထုတ်ဖို့ကြိုးစားနေတယ်တင်ပါတယ်။ ဘယ်သူဖြစ်မယ်ထင်သလဲ။ ထောက်လှမ်းရေးချုပ်ဟောင်းကြီး ဦးခင်ညွှန့်တဖြစ်လဲ ဗိုလ်ချုပ်ကြီးခင်ညွှန့်ပါ။ ဦးခင်ညွန့်ဟာ တပ်မတော်ထောက်လှမ်းရေးမှာ နှစ်ပေါင်းများစွာလုပ်လာသူဖြစ်တဲ့အတွက် လက်ရှိစစ်တပ်ဗိုလ်ချုပ်တွေရဲ့ ငယ်ကျိုးငယ်နာတွေ ကို အတိုင်းအတာတစ်ခုလောက်အထိတီးမိခေါက်မိရှိသူဖြစ်ပါတယ်။ သူဟာ ပင်ကိုယ်အရည်အချင်းထက်မျက်သူ လူတော်တစ်ယောက်အဖြစ် တပ်က အသိအမှတ်ပြုခံရတဲ့ခေါင်းဆောင်တစ်ဦးလဲဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူကိစ္စ၊ မိန်းမကိစ္စတွေနဲ့ပက်သက်ပြီးတော့လည်း နာမည်ကောင်းရတဲ့အထဲမှာပါတယ်။ သူဦးဆောင်ခဲ့တဲ့ စစ်ထောက်လှမ်းရေးတပ်ဟာ တချိန်တုန်းကဆိုရင် လူအင်အားနည်းပေမဲ့ အလွန်ကျောက်စရာကောင်းတဲ့ အင်အားစုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဦးခင်ညွန့်လက်အောက်မှာ ဘာစစ်တပ်မှမရှိပါဘူး။ ဒါပေမဲ့ နိုင်ငံမှာ အင်အားကောင်းတဲ့နိုင်ငံရေးအင်အာစုတွေနဲ့ ပူးပေါင်းမိသွားမယ်ဆိုရင် တစ်အချက် - လက်ရှိစစ်တပ်အနေနဲ့ တစ်ခုခုလုပ်မယ် (အာဏာသိမ်းတာမျိုး) ဆိုရင် တော်တော်စဉ်းစားပြီးမှလုပ်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ့အရည်အချင်းနဲ့ သူ့အတွေ့အကြုံကိုရှိန်လို့ပဲ။ နှစ်အချက် - တပ်မတော်အရာရှိကြီးတွေအနေနဲ့ မိမိတို့ရဲ့ငယ်ကျိုးငယ်နာတွေသိထားသူတစ်ဦးကို ဆန့်ကျင်ဖို့ခက်ခဲပါလိမ့်မယ်။ သုံးအချက် - ထောက်လှမ်းရေးဌာနကို နှစ်ပေါင်းများစွာကိုင်တွယ်စီမံလာသူတစ်ဦးအနေနဲ့ စစ်တပ်ဟာ ဘယ်ကိုချိုးရင်ဘာလုပ်လိမ့်မယ်။ ဘယ်ကိုခြေလှမ်းနေတယ် စတာတွေကို တော်တော်လေး မှန်မှန်ကန်ကန်တွက်ဆနိုင်ပါလိမ့်မယ်။ အဲဒိတွက်ဆချက်တွေဟာ စစ်တပ်ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာတွေအတွက် အလွန်ပဲအရေးပါ ပါတယ်။ လေးအချက် - NLD အနေနဲ့ လက်ရှိတပ်မတော်ကို အသွင်ကူးပြောင်းရေးကာလအကြောင်း၊ အသွင်ကူးပြောင်းရေးမှာတပ်မတော်ရဲ့အရေးပါပုံနဲ့ အသွင်ကူးပြောင်းရေးကြောင့် လက်ရှိတပ်မတော်သားတွေ၊ အရာရှိတွေနစ်နာမှုရှိမှာမဟုတ်ကြောင်းနဲ့ ပိုလို့တောင်အကျိုးကျေးဇူးရှိမှာဖြစ်ကြောင်း ပြောပြချင်တယ်။ အဲဒိစကားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ပါးစပ်ကပြောထာထက် ဦးခင်ညွန့်ပါးစပ်ကပြောရင် ပိုပြီးထိရောက်ပါလိမ့်မယ်။ အဲဒိအချက်တွေကြောင့် ဦးခင်ညွန့်ကိုပွဲထုတ်ပါလိမ့်မယ်။ ဘယ်လိုမျိုးနေရာပေးပြီးပွဲထုတ်မယ်ဆိုတာမျိုးတော့ ကျွန်တော်လည်းမမှန်းတတ်ပါ။ သို့သော် NLD ထဲကိုတော့ ထည့်လိမ့်မယ်မထင်ပါဘူး။ တချိန်က ပြည်သူတွေအလွန်မုန်းတီးခဲ့တဲ့စစ်ထောက်လှန်းရေးရဲ့ အကြီးအကဲတစ်ယောက်နဲ့ လက်တွဲအလုပ်လုပ်ဖို့ဆိုတာ လူထုခေါင်းဆောင်တွေအဖို့ ခက်ခဲတဲ့အလုပ်တစ်ခုပါ။ မြန်မာပြည်သူတွေရဲ့ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုက အခုအချိန်အထိ ဦးခင်ညွန့်ကိုပုဂ္ဂိုလ်ရေး မုန်းတီးနေဆဲဖြစ်တယ်။ ဒါ့ကြောင့် ဦးခင်ညွန့်ကိုသုံးချင်တယ်ဆိုရင်လုပ်ငန်းစဉ်နှစ်ရပ်ကိုလုပ်ရမှာဖြစ်တယ် ပထမလုပ်ငန်းစဉ်က ပြည်သူတွေသူ့အပေါ်မြင်ထားတဲ့အမြင်ကို တဖြည်းဖြည်းချင်းပြောင်းလဲယူရမယ်။ ဆိုလိုတာ သူ့ကိုလူကောင်းတစ်ယောက်အနေနဲ့မြင်မလာရင်တောင်မှ လူဆိုးတစ်ယောက်အဖြစ်မြင်နေတဲ့အမြင်တွေကို ဖယ်ပစ်ရမယ်။ ဒုတိယလုပ်ငန်းစဉ် ကတော့သူ့ကိုမြန်မာနိုင်ငံ နိုင်ငံရေးစင်မြင့်မှာသင့်လျှော်တဲ့နေရာပေးမယ်။ အခု သူတို့ပထမလုပ်ငန်းစဉ်ကို စလုပ်နေပြီလို့ထင်တယ်။ ပထမလုပ်ငန်းစဉ်ကို ပြည်တွင်းမှာ သြဇာကြီးမားတဲ့ မီဒီယာတွေရဲ့အားနဲ့လုပ်နေတယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ဦးခင်ညွန့်လွတ်လာတယ်။ လွတ်လာကာစမှာပြောတဲ့စကားတွေရယ်။ ဂျာနယ်တွေရဲ့ရေးပုံသားပုံတွေရယ်။ လက်ရှိနိုင်ငံရေး အိုင်ကွန်တွေရဲ့ လှုပ်ရားပုံတွေ၊ ပြောဆိုပုံတွေဟာ တော်တော်လေး စည်းချက်ညီ (Harmony) ဖြစ်နေတယ်လို့ကျွန်တော်ခံစားရတယ်။ ဥပမာပြောရရင် ဦးခင်ညွန့်လွတ်လာလာချင်းကိုသူရကြီး (ဇာဂနာ) သွားတွေ့တယ်။ ဘာကြောင့်ဘာညာမပြောပဲ ဓာတ်ပုံတစ်ပုံကို အင်တာနက်ကောက်တင်လိုက်တယ်။ နောက် ၃-၄ ရက်လောက်ကြာမှာ ဘာကြောင့်သွားတွေ့တယ်ရယ်လို့ပြောတယ်။ ဂျာနယ်တွေအနေနဲ့ကလည်း ဦးခင်ညွန့် ရဲ့ လူနေမှုဘဝလေးကို ပဲမီးမောင်းထိုးသလိုလိုနဲ့ သူ့မှာလာဘ်ပေးလာဘ်ယူကင်းရှင်းခဲ့တယ်ဆိုတာ တွေးဆနိုင်အောင် အချိတ်အဆက်မိမိလေးဇောင်းပေးရေးကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဦးခင်ညွန့်နဲ့ပက်သက်ပြီးငြိမ်နေတယ်။ ဂျာနယ်တွေအနေနဲ့ကလည်း ဘာမှသွားမမေးကြဘူး။ ဘယ်လိုလူစားမျိုးတွေနဲ့ လက်တွဲအလုပ်လုပ်မယ်ဆိုတဲ့ မူကိုတော့ပြောတယ်။ ကျန်တဲ့ နိုင်ငံရေးသမားတွေတော်တော်များများကလည်း မူပိုင်းဆိုင်ရာအရ ဘယ်လိုလူမျိုးနဲ့လက်တွဲမယ်ဆိုတာပြောတယ်။ ဒါပေမဲ့ဦးခင်ညွန့်ရယ်လို့ဘယ်သူမှမပြောဘူး။ ဘာလို့မပြောကြသလဲ။ အချိန်မတန်သေးလို့ပါ။ ဦးခင်ညွန့်ကို နိုင်ငံရေးစင်မြင့်တစ်နေရာတင်ပေးဖို့ (အမတ်လုပ်ဖို့၊ NLD ထဲထည့်ဖို့ဟုမဆိုလို) သူ့ Image ကို မီဒီယာတွေ အနုပညာရှင်တွေကနေတဆင့် အချိန်ယူပြောင်းနေဆဲကာလမှို့ပါ။ တကယ်တော့ဒီနိုင်ငံရေးကစားကွက်ဟာ စိတ်ကူးယဉ်ဆန်ပါတယ်။ မဖြစ်နိုင်ဘူးလို့ပြောလို့မရသလို့ တွေးထားသလိုလှလှပပ ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ထားလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုအပြင်ဘက်က ကိစ္စတွေဖြစ်တဲ့အတွက် စောင့်ကြည့်ရုံမှတပါး အခြားမတတ်နိုင်ပါ။ အထက်မှာရေးခဲ့တဲ့အချက်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကျွန်တော်ရရှိတဲ့အချက်အလက်တွေအပေါ် ဥာဏ်မီသရွေ့ သုံးသပ်ထားခြင်းသာဖြစ်ပါတယ်။ နိုင်ငံရေးဝေဖန်သုံးသပ်သူပညာရှင် (Political Analysis) တစ်ယောက်ရဲ့ သုံးသပ်ချက်တွေတောင် တခါတရံမှာ လက်ရှိနိုင်ငံရေး ဖြစ်စဉ်များမှ ပါစင်အောင်လွဲတတ်ပါတယ်။ ကျွန်တော်ဟာ ပွန်းဘလော့ဂါတစ်ဦးမျှသာဖြစ်ပါတယ်။ ကျွန်တော်တွေးမိသမျှရေးပြခြင်းမျှသာပါ။ နှာသခင်

Thursday, January 19, 2012

နိုင်ငံရေးဆုဗူးများနှင့်ကြောင်ခံတွင်းပျက် ဆက်ရက်တောင်ပံကျိုးဒီပလိုမေစီ


ရိုးရိုးသားသားပြောရရင်ကျွန်တော်ဟာ ပွန်းဘလော့ဂါတစ်ဦးမျှသာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်ထဲနိုင်ငံရေးနဲ့ပက်သက်ပြီး
ပြောချင်နေတာလေးတွေရှိလို့ ဒီမှာရေးလိုက်တာပါ။
အစိုးရကပြီးခဲ့တဲ့ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါးလွှတ်ပေးလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ တကယ်တော့
(ကွန်မြူနစ်တွေစကားနဲ့ပြောရရင်) နိုင်ငံရေးဆုဗူးပါပဲ။ နိုင်ငံရေးအကျိုးအမြတ်တစ်ခုခုအတွက် အလယ်အလှယ်လုပ်တဲ့ဖလှယ်ရတန်ဖိုးရှိတဲ့
လူပုဂ္ဂိုလ်တွေဆိုရင်လည်းမမှားပါဘူး။ အခုအစိုးရကဆုဗူးဖေါက်လိုက်ပြီ။ ဘာကိုလိုချင်လို့ဆုဗူးဖောက်လိုက်တာလဲဆိုရင် Sanction 
Related Posts Plugin for WordPress, Blogger...