ဘလော့တွင် တင်ပေးစေလိုသော ကုန်ကြမ်းများအား dotahanar@gmail.com သို့ပေးပို့နိုင်သည်။

Sunday, August 5, 2012

ကင်တားနားအကြံဒို့လက်မခံ

375623 514874498528350 230159690 n
ရန်ကုန်တိုင်းက အယ်ဒီတာ့အာပေါ်ပါ။
နှာသခင်ရဲ့သဘောနဲ့တစ်ထပ်တည်းဖြစ်လို့ တင်ပေးလိုက်ပါတယ်။
..........................................
..........................................
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဂျီယာ ကင်တင်နားသည် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာမျှ လာရောက်ပြီးနောက် သြဂုတ်၎ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ မှမထွက်ခွာမီ ရန်ကုန်နိုင်ငံ တကာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖတ်ကြားခဲ့သည်။

In this respect, I have, throughout my mandate, consistently highlighted concerns regarding systematic discrimination against the Rohingya community.  Such concerns include the denial of citizenship or legal status to Rohingyas, restrictions on their freedom of movement, marriage restrictions, and other discriminatory policies.  I hope that steps will be taken to address these issues, including a review of the1982 Citizenship Act to ensure that it is in line with international human rights standards.

ကင်တင်နား၏ သတင်းထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပေါ်နေသော ရခိုင်အရေးကိစ္စကို အထူးအလေး ပြောဆိုသွားခဲ့ရာ အထက်ဖော်ပြပါအပိုဒ်၌ ရိုဟင်ဂျာနှင့်ပတ်သက်ပြီး ကာကွယ်ဘက်လို  က်ပြောဆိုသွား ခဲ့သည်ကို ကျွန်ုပ်တို့ လေ့လာ မှတ်သားလိုက်ရပါသည်။

ရိုဟင်ဂျာများ ကိုစနစ်တကျခွဲခြားနှိမ့်ချဆက်ဆံနေခြင်းများအပေါ်စိုးရိမ်မကင်းဖြစ်ကြောင်း ကုလအထူး ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။ထို့အပြင် သူတို့အား နိုင်ငံသားဖြစ်မှုသို့မဟုတ် တရားဝင်တည်ရှိမှု ငြင်းပယ်ခြင်း၊   လွတ်လပ်စွာ သွားလာမှုများကို ကန့်သတ်ခြင်း၊အိမ်ထောင်ပြုမှုကန့်သတ်ခြင်းနှင့် အခြားသော ခွဲခြားနှိမ့်ချဆက်ဆံမူဝါဒများအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း အသေးစိတ်ပါဖော်ပြထားသည်။ထိုမှတစ်ဖန်  နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်း များ နှင့်ကိုက်ညီအောင် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုအက်ဥပဒေကို ပြန်လည်သုံးသပ်ရန်လည်း ကင်တင်နားက တိုက်တွန်းခဲ့သည်။

ထိုတစ်ပိုဒ်လုံး သည် ရခိုင်ပြည်နယ်တွင် အမှန်တကယ်ဖြစ်ပျက် နေသည့်ပကတိ  အခြေအနေနှင့်ကင်းကွာ နေသည့်အပြင် သန်း၆ဝ  လူဦးရေ၏အများစုကြီး၏ လိုလားချက်၊ဆန္ဒများနှင့်လည်း ဆန့်ကျင်နေပေသည်။အထူး သဖြင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ ပကတိ အခြေအနေ၊  သမိုင်းကြောင်း၊ ပထဝီအနေအထား  တို့နှင့်ကိုက်ညီမည့် မိမိနိုင်ငံသားများ၊ တိုင်းရင်းသားများ   အကျိုးစီးပွားကို ကာကွယ်ပေးရမည့် နိုင်ငံသား  ဥပဒေများရေး ဆွဲပြဌာန်းရ စမြဲဖြစ် သည် ကို ကုလအထူး ကိုယ်စားလှယ်ကင်တားနား သိရှိပြီးဖြစ်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ယင်းအတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှု  ဥပဒေအပေါ် လူ့အခွင့်အရေး  အကြောင်းပြကာ တရားမဝင်ဝင် ရောက်နေသူများအား တရားဝင်ဖြစ်ရေး တိုက်တွန်းပြောကြား  သုံးသပ်ခိုင်းမှုကို ကျွန်ုပ်တို့လက်မခံနိုင်ဟု အတိအလင်းပြော ကြားလိုပေသည်။

နိုင်ငံတော် သမ္မတကြီးအပါအဝင် ပြည်ထောင်စုဝန်ကြီးများ ကလည်း နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍လည်း ကောင်း၊တရားမဝင် ဝင်ရောက်လာသူများအား လူသားချင်းစာနာထောက်ထား  သောအားဖြင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးပြီး ကုလအပါ အဝင်နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီရေးနှုင့်  ပတ်သက်၍လည်းကောင်း ရှင်းလင်းစွာပြောကြားပြီးဖြစ်သည်။ ထိုပြောကြားချက်များသည် အလွန်မျှတမှုရှိပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက် အထူးအရေးကြီးသည့် ရပ်တည်ချက်မှန်လည်း ဖြစ်ပေသည်။မကြာသေးမီက ပြည်သူ့လွှတ်တော်  အစည်းအဝေးတစ်ခုအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက နိုင်ငံသား ဖြစ်မှုကိစ္စ ပြောသည့် အခါ လူ့အခွင့် အရေး  ဆိုပြီး ကဗျာမဆန်ကြရန် ပွင့်ပွင့်လင်းလင်း  ဆွေးနွေးသွားခဲ့သည်ကို ပြန်လည် ညွှန်းဆိုပြသ လိုပေသည်။

ထို့အတွက်ကြောင့် လူ့အခွင့်အရေး ကျွမ်းကျင်သူဟု  ဆိုသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တင်နား၏ ရခိုင်အရေး  ကိစ္စပြောဆိုသုံးသပ်မှုများသည် သန်း၆ဝမျှသော မြန်မာပြည်သူအများစုကြီး၏ ဆန္ဒကိုဆန့်ကျင်ပြီး ထိုပြည်သူ အများစုကြီး၏ အခွင့်အရေး တစ်နည်းဆိုရသော် မြန်မာပြည်သူအများစုကြီး၏ လူ့အခွင့်အရေးကို ချိုးဖောက်ပြောဆို  နေခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့က လုံးဝလက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် လည်း မျှတစွာသုံး သပ်ပြော ဆိုနိုင် သည့် ကိုယ်စားလှယ်တစ်ဦး အား အသစ်လဲလှယ်ခန့်  ထားပေးပါရန် ကျွန်ုပ်တို့က  တောင်းဆိုပါသည်။

အယ်ဒီတာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...